ကုန်ပစ္စည်းအကြောင်းအရာ
အသုံးပြုပုံ- မိမိနှစ်သက်ရာငါး 400g ကို ဟင်းချက်ဆီဗူးထဲတွင် နှပ်ထားပြီး (10) မိနစ်ကြာ နှပ်ထားပါ။ ဆီ နှင့် ရေ 10g ထည့်ပြီး ကျက်သည်အထိ ချက်ပါ။ လက်ကျန်ဆီ သို့မဟုတ် ရေဖြင့်လည်း ချက်နိုင်သည်။ ငါးပြုတ်ပြီးပါက မန်ကျည်းမှည့်ထည့်ပါ။ မစားခင် နံနံရွက်နဲ့ ဖြူးပြီး နှစ်သက်စွာ သုံးဆောင်ပါ။ သက်တမ်းမကုန်ခင် စားသုံးတာ အကောင်းဆုံးပါ။
သိုလှောင်ခြင်း ညွှန်ကြားချက် - အေးပြီး ခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။
ဓာတ်မတည့်မှုသတိပေးချက် - ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နနွင်း၊ စပါးလင်၊ ပင်စိမ်း၊ ဆား၊ ဆီ။
အထက်ပါ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်သူများ မသုံးသင့်ပါ။
လူမျိုးနှင့်ဘာသာအားလုံး၏တစ်ဦးချင်းစီအတွက်သင့်လျော်သည်။
အသားတင်အလေးချိန် - 50 ဂရမ်
ထုတ်လုပ်သည့်နိုင်ငံ - မြန်မာနိုင်ငံ
Pan Kah Yae - Jungle Style Fish Curry Paste ငါးတောချက်အစပ်
ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နနွင်း၊ မန်ကျည်း၊ စပါးလင်၊ ပင်စိမ်း၊ ဆား၊ ဆီ





































